Pyidaungsu Font နှင့် Zawgyi Font မှန်အောင်ပြုလုပ်နည်း

အရင်ဉီးဆုံးကျွန်တော်တို့ အောက်က Download link ကိုသွားပြီးတော့ Download လုပ်ယူထားဖို့လိုပါတယ်။ Video ရဲ့ အောက်ဆုံးမှာ Download link ကို ထည့်ပေးထားပါတယ်။

https://mcf.org.mm/pyidaungsu-font.html

အဆိုပါ Download link ကနေပြီးတော့ Download လုပ်ယူရပါမယ်။
ကျွန်တော့် ဝဘ်ဆိုက်ကနေလည်း တင်ပေးထားပါတယ်။

(၁) http://www.unicodetoday.org/downloads/All-in-One-Setup-5.2.exe
(ဒါက Download link ပါ..)
(၂) http://www.unicodetoday.org/downloads/Pyidaungsu-2.5.3_Regular.ttf
(ဒါက Download link ပါ..)

ကဲ အားလုံးကို Download လုပ်ပြီးသွားပြီဆိုရင်တော့ … ကျွန်တော်တို့ အဆင့်တစ်ဆင့်ချင်းစီကို လုပ်သွားကြရအောင်။

အဆင့်(၁) All-in-One-Setup-5.2.exe ကို install လုပ်လိုက်ပါမယ်။
အဆင့်(၂) Pyidaungsu-2.5.3_Regular.ttf ဖောင့်ကို install လုပ်ပါမယ်။
အဆင့်(၃) မလိုအပ်တဲ့ keyboard တွေကို ဖျက်ထုတ်ပစ်လိုက်ပါ။
အဲ့တာဆိုရင်တော့ keyboard ကော Font ကော အားလုံးဝင်သွားပါပြီ။ အဲ့တာပြီးရင်တော့ Browser မှာ settings သွားချပါမယ်။ အရင်ဆုံးသိထားရမှာက ပထမဉီးဆုံး စပြီး pyidaungsu font ကို config လုပ်ပြီး font အမှန်လုပ်တဲ့နေရာမှာ zawgyi font ကို မထည့်ထားမိဖို့တော့ လိုပါလိမ့်မယ်။

သတိထားရန်
Zawgyi font ကို Fonts ထဲကနေ သွားဖျက်ထုတ်ကြည့်ပါမယ် မရဘူးဆိုရင်တော့ regedit ထဲကနေ သွားပြီးတော့ သွားဖျက်ရပါမယ်
အခုဆိုရင် ဖျက်ထုတ်လိုက်တယ် ဒါပေမယ့်လို့ ဖျက်ထုတ်ခွင့်ကို microsoft ကနေ ပေးမထားဘူး။ အဲ့တော့ regedit ထဲကနေ သွားပြီးတော့ ဖျက်ထုတ်ရပါမယ်။

HKey_Local_Machine >> Softwares >> Microsoft >> Windows NT >> Current Version >> Fonts ဆိုတာ ရှိပါတယ် အဲ့ Fonts Folder ပုံလေးကို နှိပ်လိုက်ပါ
အဲ့ထဲမှာ မိမိဖျက်ချင်တဲ့ Zawgyi-One ဆိုတဲ့ font လေးကို သွားပြီးတော့ ဖျက်ထုတ်ပေးလိုက်ယုံပါဘဲ။
နောက်တစ်ချက် သတိထာရမှာကတော့ တစ်ချို့သောသူတွေဟာ Arial Zawgyi ကို တင်ထားတဲ့သူတွေ ရှိပါလိမ့်မယ်။ အဲ့တာဆိုရင်တော့ Arial font မှန်သမျှကို Delete လုပ်လိုက်ပါ။ ဘာဖြစ်လို့ zawgyi ကို ဖျက်ခိုင်းတာ arial font ကို ဖျက်ပစ်ရတာလဲဆိုရင်တော့။ zawgyi ဟာ ကိုယ်ပိုင် Font နာမည်နဲ့ မလာဘဲနဲ့ Arial (english)Font နာမည်ကိုပဲ ပြန်သုံးပြီးတော့ အထဲမှာ Font Style လေးကိုပဲ ပြောင်းထာလိုက်လို့ပါ။

ကဲ ကျွန်တော့်ကွန်ပျူတာက Fonts တွေကိုတော့ ဖျက်ထုတ်ပေးလိုက်ပါပြီ။ မိတ်ဆွေတို့မှာဆိုရင်တော့ ကွန်ပျူတာကို restart မဖြစ်မနေချပေးရမှာပါ။

ပြီးရင်တော့ firefox မှာ MUA Web Unicode Converter plugin ကို ထည့်ပေးလိုက်ပါ။ plugin ထည့်ပြီးပြီဆိုရင်တော့ Unicode နဲ့ဘဲ ရိုက်ရိုက် Zawgyi နဲ့ပဲ ရိုက်ရိုက်အဆင်ပြေပါပြီ။

Comment